Detective Dee: The Sly Red Eye 2021 4K HEVC

 ဒါကတော့ CM ကနေ ငါးကားမြောက်အဖြစ် တင်ဆက်ပေးမယ့် Young Detective Dee ဇာတ်ကားပါပဲ။ အရင်ကားများကို ကြည့်ဖူးသူများကတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး ကြည့်ရမယ့် ဇာတ်ကားပေါ့။ Dee ရဲ့ ဟန် အရရော စုံထောက်ဇာတ်လမ်း ဟန် အရရော ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်စေရမယ့် ဇာတ်ကားတွေပေါ့။မကြည့်ဖူးသေးတဲ့ သူများအတွက်တော့ CM မှာ အရင်တင်ထားတဲ့ ဇာတ်ကားတွေကို ထွက်ရှိရာခုနှစ်ကို အလိုက် ကြည့်ရှုသင့်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မင်းသားတွေပါပဲ။ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရိုက်ကူးထားပါတယ်။ Mark Chao နဲ့ Andy Lau တို့ပါ။ တကယ်တမ်း Dee ဇာတ်ကောင်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားတဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ Mark Chao ကလည်း Dee အငယ်ဇာတ်ရုပ်ကို အင်မတန်ပီပြင်ပါတယ်ဗျာ။ အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Mark Chao ပုံဖော်တဲ့ Dee ပေါ့။ အခုဇာတ်ကားဟာ ရိုက်ကူးတင်ဆက်ပုံ၊ သရုပ်ဆောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ အားလုံးက အရင်ဇာတ်ကားတွေကို တင်းပြည့် ကျပ်ပြည့် မီတဲ့ကားတစ်ကားပါပဲ။

ဇာတ်လမ်းကတော့ တရုတ် ဇွန်ဘီးကားလို့တောင် ပြောရမလိုပေါ့။ လူသေတွေရုတ်တရက်ထလာပြီး တွေ့သမျှလူလိုက်ကိုက်နေတဲ့ အမှုကြီး Dee ရဲ့လက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အကြောင်းပါပဲ။ နိုင်ငံခြား ဇွန်ဘီး ကားတွေကတော့ ဘယ်ကောင်က ဘာ့ကြောင့် ဘယ်နေရာက စတယ်ဆိုတာ ရေရေရာရာ မသိရပါဘူး။ စလိုက်တာနဲ့ တစ်ကမ္ဘာလုံး ကာလနာတိုက်နေရာက စတာပါပဲ။ ချီးကျူးစရာရှိတာက အခု Dee ကတော့ ဇွန်ဘီးတွေ ဘာ့ကြောင့်ဖြစ်ပေါ်လာပြီး ဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ ရေရေရာရာပြောသွားပါတယ်။ ယုတ္တိရှိတာ မရှိတာ အပထားပေါ့ဗျာ။ အခု ဇွန်ဘီးတွေကလည်း ဧကရာဇ် ဘုရင်မ နန်းတော်ဆီတောင် တက်ကိုက်မယ့်ဟာတွေဆိုတော့ Dee တစ်ယောက် ဘယ်လိုပျားတုပ်အောင် စုံစမ်းဖော်ထုတ်ရတယ်ဆိုတာလေးကို ဟာခနဲ အိုခနဲ ကြည့်လိုက်ကြရအောင်လားဗျာ။


Quality : 2160*1440
Subtitle : Myanmar
____________________________________________________