Operation Bangkok 2021
PE အဖွဲ့အစည်းရဲ့ဦးဆောင်သူလူကြီးမင်းဖေက ရောဂါတွေကုသနိုင်ပြီး အရွယ်တင်နုပျိုစေမယ့် သွေးရည်ကြည်ဆေးတစ်မျိုးကိုထုတ်လုပ်နိုင်ဖို့ အန်ဂျလာတောင်မှာ စမ်းသပ်နေတာကို အကြောင်းအမျိုးမျိုးကြောင့် ရပ်ခိုင်းလိုက်တယ်။ အဓိကအချက်ကတော့ လူသားတွေရဲ့ရိုးတွင်းချဥ်ဆီထဲက သွေးတွေကို ထုတ်ပြီးမှ ဒီဆေးကိုဖော်စပ်နိုင်မှာဖြစ်လို့ လူတွေသေကြမယ့်အရေးကြောင့်ပါ။
PE အဖွဲ့ရဲ့အလားအလာအရှိဆုံးဆက်ခံသူခိုင်ဝမ်ကလည်း ဒီဆေးထုတ်လုပ်မှာကို ဆန့်ကျင်ခဲ့တယ်။ ဒါပေမဲ့ အဖွဲ့အပေါ်သံယောဇဥ်ကြီးသလို ရည်မှန်းချက်လည်းကြီးတဲ့ ကျိုးမန်ချင်ဆိုတဲ့အမျ်ိုးသမီးက လူတွေကိုတရားမဝင်ဖမ်းကာ ဆေးဖော်စပ်ဖို့စတေးပစ်တယ်။ သူမရဲ့ရည်ရွယ်ချက်က ဆေးထုတ်လုပ်နိုင်ရုံမက အဖွဲ့အစည်းတစ်ခုလုံးကိုကြီးစိုးနိုင်ဖို့။
စစ်သားဟောင်း ဝူဝေနဲ့ သူ့ဇနီး ကျီလန်တို့က အဲဒီအန်ဂျလာတောင်မှာ စစ်ဆင်ရေးတစ်ခုကို ဦးဆောင်ဖ်ို့အခွင့်ကြုံလာတယ်။ ဒေသခံအဖွဲ့တစ်ခုနဲ့ထိပ်တိုက်တွေ့ခဲ့ပေမယ့် သူတို့ကခိုင်ဝမ်ရဲ့မိတ်ဆွေတွေဖြစ်တာကြောင့် ကန်းကျင်းတို့နဲ့ မဟာမိတ်ဖြစ်လာခဲ့တယ်။ အဲဒီနောက်ဝူဝေသိလိုက်ရတာက သူနဲ့တစ်ချိန်က ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ နိုင်ငံတကာရာဇဝတ်ကောင်တုခေးနဲ့အဖွဲ့ကို ကျိုးမန်ချင်က ငှားရမ်းပြီး တောကြီးထဲမှာဆေးထုတ်ဖို့လုပ်နေကြတာ။ ဒီလိုအင်အားကြီးသူတွေရဲ့မသမာမှုကို ဝူဝေတို့ဘယ်လိုတိုက်ခိုက်ကျော်လွှားမလဲဆိုတာ...
ဇာတ်ကားနာမည်မှာ ဘန်ကောက်ပါပေမယ့် တကယ်က ယူနန်ပြည်နယ်မှာပဲ အဓိကရိုက်ကူးခဲ့တာဖြစ်ပြီး ဇာတ်ညွှန်းပိုင်း ချာပါတယ်။ Plot က တစ်ခါတလေ အချိတ်အဆက်လွတ်ပြီး lacking ဖြစ်နေတယ်။ နောက်ပြီး ရမ်ဘိုရဲ့ရုပ်ရှင်ကားတစ်ကားကို ကော်ပီကူးပြီး ခပ်ညံ့ညံ့ရိုက်ထားတယ်လို့ဝေဖန်သူတွေလည်းရှိတယ်။
Quality : 1920*1080
Subtitle : Myanmar
________________________________________________________________