Our Time Will Come 2017

 ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ဝေဖန်သံတွေ နဲ့ ရုပ်ရှင်ဆုပေါင်း ၈ ဆု ရရှိထားပြီးဆင်ဆာကြမ်းလှတဲ့ တရုတ်အစိုးရရဲ့ ပိတ်ပင်မှုကိုခံရပြီးမှ ၂၀၁၇ ခုနစ်မှာထွက်ရှိလာခဲ့တဲ့ တရုတ်တော်လှန်ရေးကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တရုတ်အမျိုးသမီး တော်လှန်ရေးခေါင်းဆောင် “ဖန်းကူး” နဲ့ တော်လှန်ရေးတပ်ဖွဲ့အောင်မြင်ဖို့ မိမိကိုယ်ကို စတေးထားတဲ့ လူငယ်တွေရဲ့ ကြိုးပမ်းခဲ့ပုံတွေကိုနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Zhou Xun , Wallace Huo, Eddie Peng တို့က အတွဲညီညီပုံဖော်ပေးထားပါတယ်။လူငယ်တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအတွင်းမှာ ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေ့အကြုံတွေကို အဓိကထားပြီး ရိုက်ပြပေးထားပါတယ်။ ပစ်တာခတ်တာတွေချည်းပဲ ရိုးအီနေအောင်မပြဘဲ တော်လှန်ရေးစိတ်ဓါတ်တွေကို အများကြီးထည့်သွင်းပေးထားတဲ့ ကားလေးဖြစ်တာမို့ တွေးလို့ကောင်းမယ့် ရုပ်ရှင်ကောင်းလေးတစ်ကားပါ။ “သမီးတို့တော်လှန်ရေးကကျောက်ခဲကိုကြက်ဉနဲ့ပေါက်သလိုဖြစ်နေမှာပေါ့”“ဒီလိုသာ လူတိုင်းတွေးနေရင် အရေးတော်ပုံ ဘယ်နိုင်တော့မှာလဲအမေ…သမီးပြန်လာခဲ့မှာပါ…အားလုံးအေးချမ်းသွားတဲ့တစ်နေ့ သမီးတို့ ပြန်လည်တွေ့ဆုံကြတာပေါ့”

Quality : 1920*1080 Bluray [ 5.1 CH ]
Subtitle : Myanmar
_____________________________________________