Upcoming Summer 2021
" အကယ်၍များအနာဂတ်မှာ ငါတို့သဘောကျတဲ့သူတွေက ငါတို့ကိုလည်းပြန်သဘောကျမယ်ဆို
ဘယ်လောက်ကောင်းလိုက်မလဲ "
--@ကျန့်ယွီရှင်း
" ဖြစ်နိုင်တာကျွန်မတို့တွေက ကိုယ်သဘောကျရတဲ့သူက ကိုယ့်ကိုသဘောကျဖိုမသေချာဘူးဆိုတဲ့အချက်ကို လက်ခံနိုင်ဖို သင်ယူသင့်ကြပုံပဲ "
--@ချန်ချန်
လူတွေက တခြားသူရဲ့ပြဿနာတွေကိုရှုမြင်တဲ့အခါ အရမ်းကိုမှရိုးရှင်းကြပေမယ့် ကိုယ့်ပြဿနာကျအဲ့လိုမြင်နိုင်ကြပါ့မလား... တဇွတ်ထိုးဆန်ပြီး အီလက်ထရွန်းနစ်ဂီတကိုမြတ်နိုးတဲ့ အွန်လိုင်းအကြော်အမော်ကောင်လေး ကျန့်ယွီရှင်း ကျောင်းရဲ့စာအတော်ဆုံးသူစာရင်းထဲမှာပါတဲ့ကောင်မလေးချန်ချန် တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို၂ဦးကအကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာကျခဲ့ပြီး နှစ်ကျအနေနဲ့ကျောင်းမှာပြန်ဆုံကြတဲ့အခါ အမှန်အတိုင်းရင်မဆိုင်ရဲတဲ့ ပြဿနာကိုယ်စီရှိနေတဲ့သူတို့ နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ဘယ်လိုဖေးမကူညီရင်း နားလည်မှုတွေရှိလာကြမလဲ သူတို့ကိုဘယ်အရာကစာမေးပွဲကျစေခဲ့တာလဲ နောက်ဆုံးမှာ အမှန်တရားကိုရင်ဆိုင်သွားနိုင်မလားဆိုတာတော့ Upcoming Summer ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်လမ်းလေးထဲမှာကြည့်ရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်လမ်းကိုအဆုံးထိကြည့်ပြီးတဲ့အခါ အတွေးတချို့ကျန်ခဲ့မယ်ဆိုတာအာမခံပါတယ် ငြိမ်ငြိမ်လေးနဲ့ သဘာဝဆန်ဆန်ဇာတ်ကားမျိုးကြိုက်ရင်တော့ဒီဇာတ်ကားလေးကိုကြည့်ဖို့ညွှန်းချင်ပါတယ်
Quality : 1920*1080
Subtitle : Myanmar
______________________________________