Young Detective Dee: Rise of the Sea Dragon 2013
ဒီဇာတ်လမ်း ဟာ ၂၀၁၀ ခုနှစ်ကထွက်ရှိထားတဲ့ Detective Dee and the Mystery of the Phantom Flame ရုပ်ရှင်ရဲ့ Prequel ဖြစ်ပါတယ် …ဒါကြောင့် စုံထောက်တီ(ဒီး)ကိုငယ်စဉ်ဘဝကပုံစံနဲ့တွေ့ရမှာပါ။
မင်းသား Mark Chao ကစုံထောက်တီ(ဒီး)အဖြစ်ပါဝင်ထားပြီး မင်းသမီးကတော့ Angelababy ဖြစ်ပါတယ်။ ကိုရီးယားမင်းသား Kim Bum လဲအရံပါဝင်ထားပါတယ်။ တီ(ဒီး)တစ်ယောက် စုံထောက်မဖြစ်ခင် အလုပ်လာလျှောက်ကတည်းက တိုင်းပြည်ရဲ့ သေရေးရှင်ရေးပြသနာတစ်ခုကို ဖြေရှင်းဖို့တိုက်ဆိုင်လာတဲ့အခါမှာ……..။ဇာတ်လမ်းကတော့ အဆန်းကြီးဖြစ်ပြီး နဂါးတွေ အဆိပ်ကောင်တွေ ကိုယ်ဖော့သိုင်းတွေ ရေထဲသွားမြင်းတွေ လျှို့ဝှက်ချက်တွေနဲ့ကြည့်ရမှာပါ။ ဒီဇာတ်လမ်းကို ကျွန်တော်ကတော့ ကြိုက်ပါတယ်။ ကင်မရာရိုက်ချက်တွေ Special Effects ကလဲ ကြည့်ရှုသူတွေကို တဝိုးဝိုးဖြစ်ရမှာပါ….
Quality : 1080*720
Subtitle : Myanmar
___________________________________________________