Drawing Sword Fighting Ghost Cry 2022
၁၉၄၂ ခုနှစ်အစမှာ ဂျပန်စစ်တပ်ဟာ ရှန်ရှီးအနောက်မြောက်ပိုင်းမှာရှိတဲ့ တရုတ်အခြေစိုက်စခန်းကို သိမ်းပိုက်ခဲ့ပါတယ် ၊ ဂျပန်စစ်တပ်ရဲ့ ထောင်လွှားမောက်မာမှုကို ချိုးနှိမ်ဖို့အတွက် လီယွင်လုံဟာ ဖင်အန်းမြို့က ဂျပန်တပ်တွေကို တိုက်ထုတ်ဖို့ သီးခြားတပ်ရင်းတစ်ခုကို ဦးဆောင်ပြီး သွားခဲ့ပါတယ် ၊ တခြားသော ဂျပန်တပ်တွေကလည်း သူတို့တပ်တွေကို လာရောက်ကယ်တင်တဲ့အတွက် တရုတ်စစ်တပ်က ပြန်လည်ပိတ်ဆို့ခဲ့ပါတယ် ၊ သို့ပေမယ့်လည်း တရုတ်စစ်တပ်လည်း အထိနာခဲ့ပြီး နီးစပ်ရာရွာသူရွာသားတွေပါ သတ်ဖြတ်ခံခဲ့ရပါတယ်
အဲဒီလို ဒုက္ခတွေပေးသွားပြီး ဂျပန်တပ်တွေ ဆက်လက်ချီတက်သိမ်းပိုက်မယ့်နေရာကတော့ သရဲငိုတောင်ကြားပဲ ဖြစ်ပါတယ် ၊ နာမည်က ဆန်းပါတယ် ဟုတ်ပါတယ် ၊ သရဲငိုတောင်ကြားပါ ၊ ဂျပန်တပ်တွေ ဒီနေရာကို သိမ်းပိုက်ဖို့ ချီတက်သွားတာကို သိရချိန်မှာ အခဲမကျေဖြစ်ခဲ့ရတဲ့ တရုတ်တပ်ကနေ မြင်းတပ်ခွဲကို ဦးဆောင်ပြီး ချီတက်တိုက်ခိုက်ဖို့ လီကျန့်ဟူကို ညွှန်ကြားခဲ့ပါတယ် ၊ သရဲငိုတောင်ကြားရဲ့ ထူးခြားတဲ့ မြေပြင်အနေအထားကို အသုံးချပြီး လီကျန့်ဟူတစ်ယောက် ဂျပန်စစ်တပ်ကို အမြစ်ဖြတ်မောင်းထုတ်နိုင်ပါ့မလား ၊ သရဲငိုတောင်ကြားကိုရော ကာကွယ်သွားနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ
_________________________________________