For a Few Bullets 2016

ဂျပန်တို့သည် အရှေ့အာရှ သာတူညီမျှ ဘလာ ဘလာ ဘလာ ကြွေးကြော်ပြီး
တရုတ်ပြည်သူများကိုကျုံးသွင်းရန်ကြံဆောင်နေလေသည်။
ထိုကာလ၌ ပျောက်ဆုံးနေပြီဖြစ်သော ရှေးတရုတ်အင်ပါယာတို့၏ အထိမ်းအမှတ် ယူချီဟူသော တံဆိပ်တုံးကို
ဂူသင်္ချိုင်းတစ်ခုမှ ပြန်လည်တူးဖော်ရရှိလာကြောင်း ဂျပန်တို့သတင်းရရှိလေသည်။
ထိုတံဆိပ်တုံးသည် အင်ပါယာ၏အမှတ်အသားဖြစ်သလို ကျောက်စိမ်းတုံးပေါ်တွင်ထွင်းထုထားခြင်းဖြစ်လေရာ
တန်ဖိုးအရကြီးမားလှပြီး ရှေးဟောင်းအမွေအနှစ်အစစ်အမှန်လဲဖြစ်ပေသည်။
ဂျပန်တို့သည် တရုတ်ပြည်သူများကို ထိုတံဆိပ်တုံးဖြင့် ဂျင်းထည့်ရန် အာရုံရလေသည်။
ထိုသတင်းကိုသိလေသော တရုတ်မျိုးချစ်တို့သည် ဂျပန်တို့လက်ထဲ တံဆိပ်တုံးမရောက်ရှိစေရန် လျှို့ဝှက်လုပ်ဆောင်လေသည်။
ခိုးယူရမည်ဖြစ်သောကြောင့် တရုတ်ပြည်၏ အတော်ဆုံးသူခိုးနှစ်ယောက်ကို အသုံးချမိသောအခါ….။
တရုတ်ပြည်၏ တစ်ချိန်က အတော်ဆုံးသူခိုး ချိဖော်။
ချိဖော်ကဲ့သို့ နာမည်ကြီးချင်နေသော ကျန်ကျောင်း။
သေနတ်ပစ်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော တရုတ်မျိုးချစ်သမလေး ယူရင်။
ရက်စက်ကြမ်းကြတ်သော လူသတ်သမား အပိုင်း-၇၃၁ တစ္ဆေအရိပ်။
စသည့် စသည့်ဇာတ်ကောင်များဖြင့် ဖန်တီးထားသော Action , Comedy ဇာတ်ကားကောင်းဖြစ်ပေသည်။
ငြီးငွေ့ဖွယ်မရှိရအောင် သွက်သွက်လက်လက်တင်ဆက်ထားပြီး
ဆွဲဆောင်မှုရှိသော တရုတ်ဇာတ်ကားဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Quality : 1920*1080 [ 5.1 CH ]
Subtitle : Myanmar
_____________________________________________