Sword Master 2016

ဆရာကြီးကုလုံရဲ့ The Third Master’s Sword စာအုပ်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဝေဖန်သူတွေရှိကြပေမယ့်လည်း ဝူရှကားစစ်စစ်ဖြစ်သလို သိုင်းဝတ်စုံနဲ့အလိုက်ဖက်ဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ Lin Gengxin ကိုကြည့်ရတာနဲ့တင် တန်နေပါပြီ။

ဓားအိမ်တော်ရဲ့သီုင်းပညာအတော်ဆုံး တတိယခေါင်းဆောင် သခင်လေး ၃ ဟာ သိုင်းလောကမှ အနားယူခဲ့ပါတယ်။ သူသေဆုံးသွားတဲ့သတင်းလွှင့်ခဲ့ပြီးတော့ ဆောင်ကြာမြိုင်တစ်ခုမှာ အသုံးမကျတဲ့အားချီလို့ အမည်ရတဲ့ အစောင့်အရှောက်ပေးရတဲ့လူတစ်ယောက်အဖြစ်ဇာတ်မြုပ်နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာ ဓားသမားယန်ဟာ တတိယခေါင်းဆောင်ဖြစ်တဲ့ချီနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပါတယ်။ ချီဟာ သူ့စိတ်ကူးထဲက ပြိုင်ဘက်ဆိုတာမသိဘဲ လျှို့ဝှက်တိုက်ခိုက်နည်းတွေ သင်ပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း Quidi ဆိုတဲ့မိန်းကလေးဟာ မင်္ဂလာပွဲနေ့မှာသူ့ကိုပစ်သွားတဲ့ ချီကို ယန့်အားသတ်ခိုင်းစေခဲ့ပါတယ်။ တတိယခေါင်းဆောင်ကို သိုင်းလောကထဲ ပြန်ရောက်လာအောင် ယန်တစ်ယောက် ကြိုးစားနေရတဲ့အပြင် တစ်ဖက်မှာလည်း Quidi က ဓားအိမ်တော်မှာလူအများကြီးသတ်ဖြတ်လိုက်တဲ့အခါမှာတော့... စသဖြင့် စိတ်ဝင်စားဖွယ်ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။
____________________________________