Tale Of Wuxia 2020

မင်မင်းဆက်ပျက်သုန်းခါနီးအချိန်မှာ သိုင်းလောကတစ်ခုလုံး ကပြောင်းကပြန်ဖြစ်ခဲ့တယ် အဲ့အချိန်မှာပဲ သူရဲကောင်းမုရဲ့အိမ်တော်က သိုင်းလောကထဲကနေနှုတ်ထွက်ပြီး သိုင်းလေ့ကျင့်ဖို့ထွက်ခွါခဲ့တယ် အဲ့ဒီလိုသူတို့ထွက်သွားတဲ့ညမှာပဲ သူ့ရဲ့သား မုကျန်းထျန်ရဲ့ဇနီးက ကလေးလေးတစ်ယောက်ကိုမွေးဖွားခဲ့တယ် အဲ့ဒီအတွက်ကြောင့်ဆရာမုကအရမ်းကိုစိတ်လှုပ်ရှားခဲ့တယ် သူကသိုင်းကျမ်းထည့်ထားတဲ့သေတ္တာကို နောက်ထပ်မျိုးဆက်တွေဆီကို လက်ဆင့်ကမ်းပြီးတော့ မုမိသားစုရဲ့သိုင်းပညာကိုဆက်လက်တည်တံ့စေချင်ခဲ့တယ် ဒါပေမဲ့လည်း သူ့ရဲ့အစ်ကိုမုယမ်းရုံက သိမ်းငှက်နက်ဂိုဏ်းနဲ့ပူးပေါင်းပြီးတော့ သိုင်းကျမ်းကိုရဖို့ မုအိမ်တော်တစ်ခွင်ကို သွေးစွန်းထင်းစေခဲ့တယ် အဲ့ဒီနေါက်ပိုင်းမှာတော့ အဲ့ဒီသေတ္တာက သိုင်းလောကရဲ့အထွတ်အထိပ်မှာရှိတဲ့ သိုင်းကျမ်းတစ်အုပ်ရဲ့လျှို့ဝှက်ချက်ဆိုတာကို သိသွားကြပြီးတော့ သိုင်းလောကတစ်ခွင်မှာ ပြသနာတွေအများကြီးဖြစ်ခဲ့တယ် အဲ့နောက်မှာတော့ မုအိမ်တော်ရဲ့မျိုးဆက်တစ်ယောက်ဖြစ်တဲ့ဝူရန်က သူ့ရဲ့မိသားစုအတွက် လက်စားချေဖို့ကြိုးစားတဲ့အခါမှာ သိုင်းလောကတစ်ခွင်မှာ တရားမျှတမှုရအောင်လုပ်ပေးချင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေကြုံရမလဲ ဘယ်လိုတွေများလက်စားချေသွားမလဲဆိုတာကိုတော့ အခုTale Of Wuxiaဆိုတဲ့movieလေးမှာ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်

___________________________________