We Are Legend 2019
လက်ဝှေ့ထိုးသတ်ပွဲ ခပ်ကြမ်းကြမ်းလေးတွေကြိုက်တတ်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ..ဒီကားထဲမှာ ဂျက်နဲ့ ဘန်နီတို့ညီအစ်ကိုနှစ်ယောက်ဟာ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရပြီး တစ်နေ့မှာ ကျောင်းသားချင်းအနိုင်ကျင့်ခံရာကနေ ဒီကားလေးဟာ Imdb 5.4ရထားတဲ့ 2019 ထွက်ဟောင်ကောင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်လက်ဝှေ့ထိုးသတ်ပွဲ ခပ်ကြမ်းကြမ်းလေးတွေကြိုက်တတ်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ..ဒီကားထဲမှာ ဂျက်နဲ့ ဘန်နီတို့ညီအစ်ကိုနှစ်ယောက်ဟာ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရပြီး တစ်နေ့မှာ ကျောင်းသားချင်းအနိုင်ကျင့်ခံရာကနေ
ကျောင်းစောင့် အီရစ်နဲ့အတူ မိဘမဲ့ဂေဟာကနေထွက်ခွာလာခဲ့ပါတော့တယ်..ဒီလိုနဲ့ အားကစားလေ့ကျင့်ခန်းမ ဖွင့်ထားတဲ့ အီရစ်ရဲ့အစ်မဆီရောက်သွားရာကနေ လက်ဝှေ့သမားကောင်းဖြစ်လာဖို့ စတင်လေ့ကျင့်သင်ကြားပေးပါတော့တယ်…ဒီလိုနဲ့တစ်ရက်မှာသူတို့မွေးစားအဖေအီရစ်ဟာလေဖြတ်သွားခဲ့ပြီးငွေကြေးရှာဖွေမှုတာဝန်ဟာသူတို့ညီအစ်ကိုနှစ်ယောက်ပေါ်ကိုပုံကကျလာခဲ့ပါတော့တယ်…ဂျက်ဟာ အလုပ်လုပ်ရင်းMMAမှာထိုးသတ်တဲ့ပရိုလက်ဝှေ့သမားကောင်းဖြစ်အောင်လေ့ကျင့်နေခဲ့ပြီးသူ့ညီကိုစာကောင်းစွာသင်နိုင်အောင်ထောက်ပံံ့ပေးနေပေမယ့်….သူ့ညီလေးကတော့ ငွေကြေးခက်ခဲမှုကိုကူညီနိုင်ဖို့အတွက်မြေအောက်ကြေးစားလက်ဝှေ့ထိုးသတ်ပွဲတွေမှာပါဝင်ကစားပြီးငွေကြေးရှာဖွေနေခဲ့လို့ကျောင်းကထုတ်ပယ်ခြင်းခံလိုက်ရပါတယ်…ဒီလိုနဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ကြားမှာသဘောထားတင်းမာမှုတွေဖြစ်လာခဲ့တဲ့အခါ….ဂျက်က MMAရဲ့ ပရိုလက်ဝှေ့ချန်ပီယံဖြစ်လာခဲ့ပေမယ့်သူတစ်ချိန်ကအလွယ်တကူအလဲထိုးနိုင်ခဲ့တဲ့ဂျက်ဆန်ရဲ့ပြန်လည်စိန်ခေါ်ပွဲမှာ မထင်မှတ်ပဲရှုံးနိမ့်သွားတဲ့အခါ…..ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ…လက်ဝှေ့ထိုးသတ်ပွဲတွေကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်……ပရိုလက်ဝှေ့သမားတွေရဲ့ဘဝတွေကိုလက်တွေ့ကျကျရိုက်ပြထားတဲ့ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်လို့ အရမ်းကိုသဘောကျမိပါတယ်
___________________