The First Girl I Loved 2021

 ချစ်တယ်လိုပြောရဲပေမယ့် မချစ်ရဲတဲ့သူတွေအများကြီးထဲမှာ ငါတိုနှစ်ယောက် ထိပ်ဆုံးကပါဝင်ခဲ့ကြတယ်။
ငါတိုနှစ်ယောက်ရဲ့ချစ်ခြင်းက ပြန်တွေးကြည့်ရင်ကလေးဆန်တယ်လိုထင်ကြလိမ့်မယ်တဲ့…
ဒါဆိုရင် ငါ ဘယ်တော့မှ လူကြီးမလုပ်တော့ဘူး။
နင့်ကိုပဲဆက်ချစ်မယ်…
နင်နဲ့ပဲအတူတူရှိချင်တယ်…
ဒါပေမဲ့ နင်ပျော်ရွှင်ဖိုပဲလေ…. ငါနောင်တမရပါဘူး။
ဘဝကြီးက ဇာတ်လမ်းတစ်ပုဒ်ဆိုရင် နင်နဲ့ငါကအဓိကဇာတ်ဆောင်တွေပေါ့။
မဟုတ်သေးဘူး…ငါကနင့်ရဲ့ဇာတ်ကွက်ကို လှပအောင်ကူညီခွင့်ရခဲ့တဲ့ ဇာတ်ပိုသရုပ်ဆောင်ပါ။
ဒါပေမဲ့ ငါကျေနပ်တယ်။
အဓိကက နင်ပျော်ရွှင်ဖိုပဲလေ… ငါနောင်တမရပါဘူး။ငါတိုနှစ်ယောက် ဘာကွာခြားခဲ့လိုလဲ?
အသက်အရွယ်လား စည်းစိမ်ဥစ္စာလား မိသားစုအခြေအနေကြောင့်လား?
သေချာတာကတော့ ပတ်ဝန်းကျင်ကြောင့်ပါ။
အချစ်ကိုအချစ်လို မမြင်နိုင်ကြတဲ့ပတ်ဝန်းကျင်၊
အချစ်ကိုလိင်ဆက်ဆံဖိုပဲသတ်မှတ်ထားကြတဲ့ ပတ်ဝန်းကျင်၊
သူတိုရဲ့ကျားမစုံတွဲကမှ မြင့်မြတ်တဲ့အချစ်လိုထင်ကြတဲ့ပတ်ဝန်းကျင်ကြောင့်ပေါ့။
နင်အတွက်ခက်ခဲခဲ့မှန်းသိပါတယ်။
အဲ့ဒါကြောင့် နင်ပျော်ရွှင်ဖိုပဲလေ… ငါနောင်တမရပါဘူး…ဘဝကြီးကို 
အတူတူလျှောက်လှမ်းဖို့ ယောကျ်ားတစ်ယောက်ရှိဖိုမလိုပါဘူး။ 
ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူရှိဖိုပဲ လိုအပ်တယ်။
ချစ်ခြင်းမေတ္တာဆိုတာ ချစ်နေရရင်ကို ချိုမြိန်ပါတယ်။
တကယ်ချစ်မိရင် တကယ်ခံစားရပါတယ်။
ငါချစ်နေတဲ့သူက နင်ဖြစ်နေတဲ့အတွက် ပိုပြီးချိုမြိန်ပါတယ်။
ပိုပြီးပျော်ရွှင်ရပါတယ်။ ပိုပြီးရင်ခုန်မိပါတယ်။ 
___________________________________